• နွေးသီး အပါအဝင် လက်ဆောင်အတွေးပါးပါးရသစာစုများ
နွေးသီး အပါအဝင် လက်ဆောင်အတွေးပါးပါးရသစာစုများ
အမှတ်တံဆိပ် Other
ပစ္စည်းကုဒ်နံပါတ် #ILS-MSO-0030061
ထုတ်ဝေသည့်နေရာ Myanmar
Stock Status In stock   (5 ခု)
Waiting Time
မူရင်းဈေး 2,000.00  ကျပ်
ဈေးနှုန်း 2,000.00  ကျပ်  
Delivery Time

၂-၃ ရက် ရုံးချိန်အတွင်းသာလျှင်

Return Policy

ရန်ကုန်မြို့တွင်း - ၇ ရက်

ရန်ကုန်ပြင်ပ     - ၁၄ ရက်

 

Change Of Mind Is Not Applicable

စတိုးဆိုင်သို့
အသေးစိတ်အချက်အလက်များ
  • စာမျက်နှာ - ၁၉၁

  • ၁၉၈၁ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ထိ တေးသံသွင်းဆိုင်မှာ အလုပ်လုပ် ခဲ့တဲ့ ကိုပေါက် ရဲ့ #သူ ဖြတ်သန်းခဲ့သော သီချင်းများ# အကြောင်း ကို စာတစ်စောင် ပေတစ်ဖွဲ့ မှတ်တမ်းတင် ထားတဲ့ စာအုပ်လေးပါ ။ ခေတ်အဆက်ဆက်က အဆိုတော်တွေနဲ့ သူတို့ရဲ့ သီချင်းတွေ အကြောင်း မှတ်တမ်းတစ်ခု အနေနဲ့ပဲ ဖတ်ဖတ် ၊ အက်ဆေးတစ်ပိုဒ်လို အရသာခံစားပြီးပဲ ဖတ်ဖတ် သီချင်းတွေရဲ့ ခေတ်ရေစီးကြောင်းကိုခံစားစေမှာပါ။

     

  • ကိုပေါက် တင်ပြသွားတဲ့ သီချင်းတွေမှာ မြို့မငြိမ်း ၊ နန်းတော်ရှေ့ဆရာတင် တို့ သီချင်းတွေ ကနေ စလို့ ဝင်းဦး ၊ တင်တင်မြ ၊ ကိုမြကြီး ၊ မောင်မောင်ညွန့် ၊ ချိုပြုံး ၊ တွံတေးသိန်းတန် ၊ စိုင်းထီးဆိုင် ၊ စိုးပိုင် ၊ ခင်မောင်တိုး ၊ လွှမ်းမိုး ၊ ဇော်ဝမ်း ၊ နွဲ့ယဉ်ဝင်း ၊ မင်းအောင် ၊ အနိုင် ၊ ခင်ဝမ်း ၊ ထူးအိမ်သင် ၊ ဗဒင် ၊ ဒိုးလုံး ၊ Examplz ၊ No ၊ Big Bag တို့ အပါအဝင် အဆိုတော် ပေါင်းစုံ နဲ့ သူတို့ ဆိုခဲ့တဲ့ နာမည်ကြီး သီချင်းတွေကို သီချင်းချစ်သူ တစ်ယောက် ရဲ့ ဒိုင်ယာရီ စာအုပ်ကို ဖတ်နေရသလို ခံစားမိစေမှာပါ။

     

  • ဒီ ဆောင်းပါးတွေ မှာ အသက် ၅၀ ၊ ၆၀တန်း လူကြီး တွေ ခံစားနားလည်နိုင်တဲ့ သီချင်းမျိုးတွေ ပါသလို အသက် ၃၀ ၊ ၄၀ ဝန်းကျင် လူလတ်ပိုင်း အရွယ်တွေ အတွက်ရင်ခုန်သံ ထပ်တူညီမှုတွေ ပိုရနိုင်တဲ့ ခံစားချက် ကို ပေးစွမ်းနိုင်ပါတယ်။ လူငယ်တွေ အတွက်တော့ သီချင်းတွေရဲ့ ဖြတ်သန်းမှု သမိုင်းကြောင်း ကို ငေးမော ကြည့်ရှုခွင့်ရမှာ အသေအချာ ပါပဲ ။ လက်ဖက်ရည်ဆိုင်မှာ ကျစိမ့်တစ်ခွက် သောက်ရင်း သီချင်းတွေ ကို ဖီးလ် ခဲ့ ရတာ ပြန်လွမ်းမိ လောက်တဲ့ ခံစားမှု တွေ အပါအဝင်ပေါ့ ။

     

  • ဒီစာအုပ်လေး ကို ဖတ်ကြည့်လိုက်ရင် သီချင်းတွေကို ချစ်တဲ့ ကိုပေါက် ဆိုတဲ့ လူတစ်ယောက် နဲ့ အတူ ကြီးပြင်းလာတဲ့ ခေတ်အဆက်ဆက်က သီချင်းလေးတွေ ကို သိရှိနိုင်ပြီး သူ့ ရဲ့ သီချင်းလေးတွေရဲ့ အပေါ် ခံစားမှု အတွေးပါးပါးလေးတွေကို ဝေမျှ နားလည် နိုင်မှာဖြစ်ပါသည်။

     

အခြားဆက်စပ်နေသောပစ္စည်းများ