• ပိုင်း
ပိုင်း
အမှတ်တံဆိပ် Other
ပစ္စည်းကုဒ်နံပါတ် #ILS-MSO-0030050
ထုတ်ဝေသည့်နေရာ Myanmar
Stock Status In stock   (5 ခု)
Waiting Time
မူရင်းဈေး 2,500.00  ကျပ်
ဈေးနှုန်း 2,500.00  ကျပ်  
Delivery Time

၂-၃ ရက် ရုံးချိန်အတွင်းသာလျှင်

Return Policy

ရန်ကုန်မြို့တွင်း - ၇ ရက်

ရန်ကုန်ပြင်ပ     - ၁၄ ရက်

 

Change Of Mind Is Not Applicable

စတိုးဆိုင်သို့
အသေးစိတ်အချက်အလက်များ
  • စာအုပ် ကတော့ ဆရာမ ဝင့်ပြုံးမြင့် ရဲ့ ပထမဆုံး ပင်ကိုရေးဝတ္ထု ဖြစ်တဲ့ "ပိုင်း" ဖြစ်ပါသည်။

     

  • ဆရာဇော်ဂျီ ရဲ့ မွေးရပ်မြေ ဟာ ဖျာပုံမြို့ ဆိုတာ လူတိုင်း သိကြပါတယ် ၊ ဒါပေမဲ့ ဖျာပုံမြို့ အကြောင်းကို ကျွန်တော်တို့ သေချာ ဂဃနဏ မသိခဲ့ဘူး.။ ဒီဇာတ်လမ်းကို ဖတ်ရှုခံစားရင်းနဲ့ပဲ စာဖတ်သူကို ဖျာပုံ ဆိုတာ ဘယ်လိုမြို့လဲ သိသွားစေနိုင်သည်။
    ဖျာပုံမြို့ လယ်က အိမ်မဲကြီး တစ်လုံး.၊ ဟောင်းနွမ်းနေပြီ ဖြစ်ပေမဲ့ အရင်တုန်းက ထည်ထည်ဝါဝါ ရှိခဲ့တဲ့ အရိပ်အရောင် တွေလည်း ရှိနေတယ် ။ အဲဒီ အိမ်ကြီးနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ လူတွေ အဲဒီအိမ်ပေါ် ရောက်နေကြတယ် ၊ စိုးမိုး နေထိုင်ကြတယ် ။ သူတို့က ဘယ်သူတွေ များလဲ ။ ဘာကြောင့် ဒီအိမ်ကို ပိုင်စိုးထားသလဲ ။

     

  • ဖျာပုံမြို့ မှာ ခေတ်မီ ဆန်စက်ကြီး လာတည်တဲ့ သူဋ္ဌေး တစ်ယောက်။ လူလတ်ပိုင်း.၊ သားသမီး ရှိတဲ့ အိမ်ထောင်သည် တစ်ယောက် ။ သူနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ လူတန်းစားရပ်ကွက် ထဲက ဝါ ဆိုတဲ့ မိမာယာ နဲ့ တွေ့တဲ့ အခါ သူ့ဘဝဟာ စောက်ထိုးမိုးမျှော် ကျခဲ့ရတယ် ။ ဘာကြောင့်ပါလဲ..။

     

  • "လောကကို ကြီးစိုးတာ ခန္ဓာကိုယ်... ဒီ ခန္ဓာကိုယ် ကို ရင်းရင် ဘာမဆို ရရမယ် "
    လို့ဆိုတဲ့ အမေ့စကားကို အကောင်အထည် ဖေါ်ခဲ့သူက အသက်၂၀ကျော် အပျိုလေး ဝါဝါတင်ဝင်း ခေါ် ဝါ ။

     

  • သူက အပျိုလေးပေမဲ့ ယောကျာ်းတစ်ယောက် သူ့ကို စွဲလမ်းနေအောင် အပြုအစု ကျွမ်းကျင်သူ ။ ဆန်စက်ပိုင်ရှင် ဦး ကို အနိုင်ယူ ပိုင်း နိုင်ခဲ့တဲ့ သူ ။

     

  • "အဲဒါကြောင့် ပြောတာ ငါ့မြေး ၊ ဥပဒေကို နားလည်အောင် လုပ်ထားပါလို့ ။ တရားမျှတမှုနဲ့ ဥပဒေဟာ ထပ်တူမကျပါဘူးလို့ " လို့ သွင် ရဲ့ အဘိုးကပြောပါသည်။

     

  • သွင် က ရန်ကုန် ကနေ ဖျာပုံ က အဘိုး ရှိရာကို အလည်လာတဲ့ မိန်းကလေး ။ သူပဲ ဒီဇာတ်ကြောင်းကို ပြောပြသွားခဲ့တယ် ။ ဘာကြောင့် အဘိုး ဖြစ်သူက တရားမျှတမှုနဲ့ ဥပဒေက ထပ်တူမကျသလဲ ဆိုတာကို အိမ်မဲကြီး ကို သက်သေပြုပြီး သွင့်ကို ပြောပြသွားတာ စိတ်ဝင်စားစရာ ပါပဲ ။

     

  • ဘာသာပြန် စာအုပ် ၁၅ အုပ် တိတိ ရေးခဲ့တယ် ။ ရေးခဲ့သမျှ ဘာသာပြန် စာအုပ်တွေ အတော်များများကိုလည်း ပရိတ်သတ်တွေ အကြိုက်တွေ့ နှစ်သက်ခဲ့ကြတဲ့ ဆရာမ ဝင့်ပြုံးမြင့် ရဲ့ ပင်ကိုရေး ဝတ္ထု တစ်ပုဒ် ။ ဘာသာပြန်စာအုပ် တွေမှာ ကတည်းက အရေးအသား ချောမွေ့တဲ့ ဆရာမ ဆိုတော့ ပင်ကိုရေး ဝတ္ထု မှာလည်း ဆရာမရဲ့ အဖွဲ့အနွဲ့တွေ ပြောစရာ မလိုဘူးပေါ့ဗျာ ။ ကျွန်တော်တို့ လက်ရှိခေတ်နဲ့ တရားဥပဒေ ကို မေးခွန်းထုတ် ဝေဖန်ထားတဲ့ ဖျာပုံမြို့ နောက်ခံ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ။

အခြားဆက်စပ်နေသောပစ္စည်းများ