• ပျားနနွင်းဆေးပြား
ပျားနနွင်းဆေးပြား
အမှတ်တံဆိပ် Other
ပစ္စည်းကုဒ်နံပါတ် #ILS-WVN-0026353
ပြုလုပ်သည့်နေရာ Myanmar
Stock Status In stock   (3 ခု)
Waiting Time
ဆိုဒ်
မူရင်းဈေး 1,000.00  ကျပ်
ဈေးနှုန်း 1,000.00  ကျပ်  
Delivery Time

၂-၃ ရက် ရုံးချိန်အတွင်းသာလျှင်

Return Policy

ရန်ကုန်မြို့တွင်း - ၇ ရက်

ရန်ကုန်ပြင်ပ     - ၁၄ ရက်

 

Change Of Mind Is Not Applicable

စတိုးဆိုင်သို့
အသေးစိတ်အချက်အလက်များ
  • ဂျင်းမျိုးနွယ်စုဝင် နနွင်းကို အရှေ့အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဆေးအနေနှင့် သုံးလာတာကြာပါပြီ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ ထိုင်ဝမ်၊ ဂျမေကာ နဲ့ ဟေတီ တို့မှာ ဟင်းချက်စရာအနေနဲ့သုံးပါတယ်။ ရှေးခေတ်က နနွင်းကို အရောင်ကျစေတဲ့ ဆေးအနေနဲ့ အသည်းရောင်အသားဝါ၊ရာသီမမှန်ခြင်း၊ဆီးထဲသွေးပါခြင်း၊သွားကိုက်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊ဗိုက်အောင့်ခြင်းတွေမှာ ဆေးအဖြစ်သုံးပါတယ်။ ကင်ဆာ၊ပြည်တည်အူရောင်ရောဂါ၊အဆစ်ရောင်ခြင်း၊ကိုလက်စထရောမြင့်တက်ခြင်းတွေမှာ အသုံးဝင်တယ်လို့ဆိုပါသည်။

    နနွင်းမှာ အရောင်ကျစေတဲ့ အစွမ်းရှိပါတယ်။ Oncogene ဂျာနယ်ရေးတာက နနွင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးရောင်ရမ်းခြင်းကို ကုသပေးတဲ့အစားအစာပါ။ နနွင်းရဲ့ ဓာတ်တိုးဆန့်ကျင် အစွမ်း နှင့် အရောင်ကျစေတဲ့အစွမ်းက အရေပြားကျန်းမာရေးအတွက်အကောင်းပါတယ်။ အနာကျက်စေတယ်၊ဝက်ခြံအတွက်သာမက ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်ကိုပါ ပျောက်ကင်းစေသည်။

    နနွင်းမှာပါတဲ့ curcumin က အူလမ်းကြောင်းအနာကိုကျက်စေတယ်။ ကျန်းမာရေး အကျိုးပြု probiotics ကို ရှင်သန်ကြီးထွားစေတယ်။ ဒါကြောင့် အူလမ်းကြောင်းရောဂါကုတဲ့နေရာမှာသုံးပါတယ်။ U.S. Army Institute of Surgical Research က မီးလောင်အနာတွေကို နနွင်းထည့်ပေးလို့ ရတယ်လို့ရေးပါတယ်။

    Cancer Research UK (အင်္ဂလန်နိုင်ငံ ကင်ဆာသုသေတန) အတွင်းမှာ နနွင်းက ကင်ဆာဆဲလ်ကို သတ်နိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်က အတော်လူပြောများပါတယ်။ ရင်သားကင်ဆာ၊အစာအိမ်အူလမ်းကြောင်းကင်ဆာ နှင့် အရေပြားကင်ဆာတွေ အတွက် သုံးနိုင်တယ်ဆိုပါတယ်။ Baylor Scott & White Research Institute က 2017 ဇူလိုင်လမှာ သုသေတနတစ်ခု လုပ်ခဲ့ပါတယ်။ သုသေတနမှာ တွေ့ရှိတာက နနွင်းကို ကင်ဆာဆေးသွင်းကုသလို့ မအောင်မြင်တဲ့ ပန်းကရိယတ် (pancreas) ကင်ဆာတွေကို ကုနိုင်တယ်ပြောပါတယ်။

    နနွင်းက အင်ဆူလင်ကို ဆဲလ်တွေပိုကြိုက်အောင်လုပ်ပေးပါတယ်။ဒါကြောင့် ဆီးချိုသမားတွေအတွက်အသုံးဝင်ပါတယ်။ဆီးချိုကြောင့် ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေကိုလည်း သက်သာစေပါတယ်။ Biofactors ဂျာနယ်ကရေးတာ နနွင်းက ဝိတ်ကျစေပါတယ်။ 1980 မှာ လုပ်တဲ့ သုသေတနတစ်ခုမှာ နနွင်းက သွေးခဲခြင်း(vascular thrombosis)ကို သက်သာစေတယ်ဆိုပါတယ်။

    နနွင်းရဲ့ဘေးထွက်ဆိုးကျိုးတွေက ပျို့အန်ခြင်း၊ဝမ်းသွားခြင်း၊သွေးမတိတ်ခြင်း၊သွေးပေါင်ကျခြင်း၊သည်းခြေအောင့်ခြင်း၊ရာသီသွေးများခြင်းတို့ဖြစ်ပါတယ်။ တစ်ချို့လူတွေရဲ့ အရေပြားက နနွင်းနဲ့ မတည့်ပါ။ ဒါကြောင့် ဝက်ခြံအတွက် မျက်နှာမလိမ်းခင် လက်မောင်းကို အရင်လိမ်းသင့်ပါတယ်။ တစ်ရက်လောက် တည့်မတည့်စမ်းကြည့်ပြီးမှ မျက်နှာအတွက်အသုံးပြုပါ။

    နနွင်းမှာပါတဲ့ curcumin က ရေမှာ ပျော်ဝင်မှုနည်းပါတယ်။ ဒါပေမည့် curcuminoids က အဆီကို ကြိုက်ပါတယ်။ ဒါကြောင့် နနွင်းကို အဆီများတဲ့အစားအစာတွေနှင့် စားတဲ့အခါ အူနံရံက နနွင်းကို ပိုစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် နနွင်းကို ဆီနဲ့သောက်ကြတာပါ။ ဆီနှင့်သောက်တဲ့အခါ အုန်းသီးကထုတ်တဲ့အဆီ သို့မဟုတ် MCT ( medium chain triglyceride ) နဲ့ သောက်ဖို့ အနောက်တိုင်းဆေးပညာဂျာနယ်တွေမှာ ရေးကြပါသည်။

    နနွင်းမှာပါတဲ့ curcumin က အစာလမ်းကြောင်းအတွင်းမှာ အလွန်ပျက်စီးလွယ်ပါတယ်။ ငရုတ်ကောင်းမှာပါဝင်တဲ့ piperine က နနွင်းမှာပါတဲ့ curcumin ကာကွယ်ပေးပြီး စုပ်ယူမှုအားကောင်းစေပါတယ်။ လေ့လာမှုတစ်ခုမှာ piperine က curcumin ရဲ့ bioavailability ကို 2000% မြင့်မားစေတယ်ဆိုပါတယ်။ နနွင်းရယ်၊ ငရုတ်ကောင်းရယ်၊ အဆီရယ်ပေါင်းစပ်မှုက curcumin စုပ်ယူမှုကို အကောင်းဆုံးဖြစ်လာစေပါသည်။

    နနွင်းကို အပူပေးလိုက်တဲ့အခါ နနွင်းရဲ့ ရေတွင်ပျော်ဝင်နှုန်းမြင့်လာတယ်လို့ သုသေတနတစ်ခုကရေးပါတယ်။ အခြားလေ့လာမှုတွေမှာတော့ နနွင်းကို အပူပေးခြင်းဖြင့် နနွင်းရဲ့ antioxidant ဂုဏ်သတ္တိ နှင့် anti-inflammatory ဂုဏ်သတ္တိ ( ရောင်ရမ်းမှု လျော့ချပေးနိုင်သော ဂုဏ်သတ္တိ ) တိုးလာပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်စွမ်း တိုးလာတယ်လို့ ဆိုပါတယ်။ ဟင်းချက်ရာမှာ နနွင်းကိုထည့်ပြီး အချိန် 15 မိနစ်လောက် အပူပေးခြင်းက နနွင်းကို မပျက်စီးစေဘဲ curcumin စုပ်ယူမှုကို မြင့်တက်စေပါသည်။

အခြားဆက်စပ်နေသောပစ္စည်းများ