• Peace from the Heart
Peace from the Heart
အမှတ်တံဆိပ် Other
ပစ္စည်းကုဒ်နံပါတ် #ILS-TSP-0025767
ထုတ်ဝေသည့်နေရာ Myanmar
Stock Status In stock   (5 ခု)
Waiting Time
မူရင်းဈေး 2,000.00  ကျပ်
ဈေးနှုန်း 2,000.00  ကျပ်  
Delivery Time

၂-၃ ရက် ရုံးချိန်အတွင်းသာလျှင်

Return Policy

ရန်ကုန်မြို့တွင်း - ၇ ရက်

ရန်ကုန်ပြင်ပ     - ၁၄ ရက်

 

Change Of Mind Is Not Applicable

စတိုးဆိုင်သို့
အသေးစိတ်အချက်အလက်များ

ကြောင်မေမေ က ကြွက်ငယ်လေးကို နို့ချိုတိုက်ကျွေးနေတဲ့ပုံကို မြင်ဖူးကြပါသလား?
အန်ကယ်ခွေးကြီး က ကြောင်ငယ်လေးကို အစာကျွေးနေတာကိုရော တွေ့ဖူးကြပါသလား?
ဒီအရာတွေက မဖြစ်နိုင်ဘူးလို့ ယူဆစရာရှိပါတယ်။ ကြောင်နဲ့ကြွက်၊ ခွေးနဲ့ကြောင် ဆိုတာက တကယ့်ရန်ဘက်တွေလို့ အများစုက သတ်မှတ်ထားကြတာပါ။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီပေါ့ကွာ လို့ ရုပ်ရှင်တွေထဲမှာ ပြောကြဆိုကြတာတွေလည်း ရှိရဲ့။ ဆွတ်ဆွတ်ဖြူနေတဲ့ဝေသာလီဗျိုင်းတွေနဲ့ အမည်းရောင်ထနေ တဲ့ ကျီးငှက်တွေ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာလည်း ပြောပြရင်ဟာသတစ်ခုလို။ ဒါပေမဲ့ အရာရာမှာ ခြွင်းချက်ဆိုတာ ရှိစမြဲပဲမဟုတ်လား။ မဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေလည်း ဖြစ်လာတတ်တာပဲမဟုတ်လား။
“ရင်မှဖြစ်သော ငြိမ်းချမ်းရေး” ကလေးပုံပြင်စာအုပ်လေးဟာဆိုရင် လူတွေလုံးဝထင်မှတ်မထားတဲ့အရာ တွေကို စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းနဲ့ ရေးဖွဲ့ထားတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်။ မတူညီမှုတွေကြားမှာ ငြိမ်းချမ်းအောင်ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲဆိုတာနဲ့ ရင်မှဖြစ်သော ငြိမ်းချမ်းရေးရဲ့အရသာကို တောတွင်းနေ တိရိစ္ဆာန်တွေ သိရှိခံစားနားလည်ကြပုံကိုလည်း လေ့လာမှတ်သားဖွယ်ဖတ်ရှုရဦးမှာပါ။ ဘယ်လိုစိတ်ဝင်စားဖို့ ကောင်းလဲဆိုတာကတော့ အပြောမဟုတ် လက်တွေ့သိအောင် ဖတ်ရှုကြည့်ကြပါလို့ ။

အခြားဆက်စပ်နေသောပစ္စည်းများ