• ငါ့အတွက်ငါရှိတယ်
ငါ့အတွက်ငါရှိတယ်
အမှတ်တံဆိပ် Other
ပစ္စည်းကုဒ်နံပါတ် #ILS-KLB-0022719
ထုတ်ဝေသည့်နေရာ Myanmar
Stock Status In stock   (0 ခု)
Waiting Time
မူရင်းဈေး 2,500.00  ကျပ်
ဈေးနှုန်း 2,500.00  ကျပ်  
Delivery Time

၁-၃ ရက် ရုံးချိန်အတွင်းသာလျှင်

Return Policy

ရန်ကုန်မြို့တွင်း - ၇ ရက်

ရန်ကုန်ပြင်ပ     - ၁၀ ရက် 

 

စတိုးဆိုင်သို့
အသေးစိတ်အချက်အလက်များ

မလိုပါဘူး မိတ်ဆွေ
ဟန်ဆောင်ပြီး မရယ်ပြပါနဲ့
ပါးညောင်းနေဦးမယ်

ငါ့အတွက်ငါရှိတယ်
ငါအကုန် လုပ်နိုင်တယ်
ငါတစ်ယောက်တည်းလည်း
ငါ့ဘဝကိုငါ စိတ်တိုင်းကျ ထုဆစ်နိုင်တယ်

ချစ်သူမရှိလည်း ရတယ်
ဖေးမမယ့်သူ မရှိလည်း ဖြစ်တယ်
အန္တရာယ်တွေများလည်း ငါဆက်လျှောက်နေမှာပဲ

မပြိုင်ပါဘူး ... မယှဉ်ပါဘူး
ဘယ်သူနဲ့မှမပြိုင်လိုပါဘူး
ငါ့ရဲ့ပြိုင်ဘက်ကလည်း ငါကိုယ်တိုင်ပဲ
ငါ့ကိုယ် ငါပဲကိုးစားတယ်

ငါ လူတိုင်းကို စိတ်ရင်းနဲ့ဆက်ဆံတယ်
ရိုးသားမှုအပေါ် အသုံးချသွားလည်း
သိပ်လွမ်းစရာမရှိပါဘူး..
ငါ့အတွက် သင်ခန်းစာတစ်ခု ရသွားတာပေါ့

အတုယောင်တွေ သိပ်မလိုအပ်ပါဘူး
မွေးကတည်းက တစ်ယောက်တည်းပဲ

ငါ့ကို အားနာပြီး ဟန်ဆောင်မပြုံးပြပါနဲ့
မိတ်ဆွေ...
ပါးညောင်းနေပါဦးမယ်.

အခြားဆက်စပ်နေသောပစ္စည်းများ