• ဘယ်...ဘယ်ကို...ဘယ်ကိုရယ်ခွဲ...ရင်ကိုခွဲလို့
ဘယ်...ဘယ်ကို...ဘယ်ကိုရယ်ခွဲ...ရင်ကိုခွဲလို့
အမှတ်တံဆိပ် Other
ပစ္စည်းကုဒ်နံပါတ် #ILS-MSO-0030056
ထုတ်ဝေသည့်နေရာ Myanmar
Stock Status In stock   (5 ခု)
Waiting Time
မူရင်းဈေး 3,000.00  ကျပ်
ဈေးနှုန်း 3,000.00  ကျပ်  
Delivery Time

၂-၃ ရက် ရုံးချိန်အတွင်းသာလျှင်

Return Policy

ရန်ကုန်မြို့တွင်း - ၇ ရက်

ရန်ကုန်ပြင်ပ     - ၁၄ ရက်

 

Change Of Mind Is Not Applicable

စတိုးဆိုင်သို့
အသေးစိတ်အချက်အလက်များ
  • စာမျက်နှာ - ၂၁၅

  • တစ်စုံတစ်ယောက်ရဲ့ နှလုံးသည်းပွတ် ကို ထုတ်ယူခြင်း ခံရရင် ဘယ်လို ခံစားရမလဲ။ နှလုံးသားရဲ့ အနီးတဝိုက်က နာကျင်ရခြင်းဒဏ် ပိုခံစားရပေမပေါ့။ တိုင်းပြည်တစ်ခုရဲ့ နှလုံးသည်းပွတ် ကို ထုတ်ယူခြင်း ခံရတယ် ဆိုရင်ကော။ မြန်မာပြည် ရဲ့ နှလုံးသည်းပွတ် တစ်ခု ဖြစ်တဲ့ ဝါးစိမ်းတောင် မှာ သတ္တုတူးဖော်ရေး လုပ်ငန်း အကျိုးဆက်ကြောင့် နာကျင် ခံစားခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်။

     

  • မြန်မာပြည် က ဒေသတစ်ခုမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စတစ်ခုဟာ သူ့အရေး ကိုယ့်အရေး တစ်နိုင်ငံလုံးအရေး ဆိုတာမျိုး ဖြစ်သွားတာ ရှားတယ်။ ယင်းမာပင်မြို့ အနီး ဝါးစိမ်းတောင် မှာ သတ္တုတူးဖော် ရှာဖွေတဲ့ လုပ်ငန်းကြောင့် ဒေသခံတွေ ကြုံတွေ့ခဲ့ရတဲ့ ကံကြမ္မာတွေ ဟာလည်း တစ်နိုင်ငံလုံးအရေး ဖြစ်လာရပါသည်။

     

  • ဧရာဝတီ မြစ်ကြီးထဲကို တစ်ဆင့်ခံ စီးဝင်သွားတဲ့ ယမားချောင်းဘေးက ဘဝတွေ။ အဲဒီ ဘဝတွေရဲ့ ကြမ်းတမ်း ခက်ထရော် ဖြစ်မှုဟာ နိုင်ငံခြားသား တွေရဲ့ ကိုယ်ကျိုးကြည့် လုပ်ရပ်တွေကြောင့် ပိုဆိုးလာရသည်။
    ရင်ဖွင့်တတ်သူတွေ ကြောင့် တစ်နိုင်ငံလုံးလည်း သိလာခဲ့ရပါသည်။

     

  • ယင်းမာပင် နား ကြေးသိုက်ရွာအနီး ဝါးစိမ်းတောင် မှာ သတ္တုတူးဖော်တဲ့ လုပ်ကွက်တွေကြောင့် အနီးတဝိုက် က ဒေသခံတွေ ဂေဟစနစ် ပျက်ယွင်းခြင်း အကျိုးဆက်ကို ခံရပါသည်။

     

  • ရွှေရှာသူရှာ ၊ ထန်းတက်သူ တက်နဲ့ အေးချမ်းလှတဲ့ ယမားချောင်း ဘေး ကြေးသိုက် ရွာလေးက မိဘမဲ့ အေးသီတာ တို့ မောင်နှမ အပေါ်မှ ကံကြမ္မာက ကွက်ကြားမိုး ရွာသွန်းဖြိုး ခဲ့လေလား။

     

  • ယမားချောင်း မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာခဲ့သော ထိုတစ်နေ့။ ထိုတစ်နေ့ ဟာ အေးသီတာ တို့ မိသားစု ဘဝလေး ရေစုန်မျောခဲ့ ရသောနေ့ ဖြစ်ရတယ်။ ေရွှအရှာသွားတဲ့ အဖေ အိမ်ပြန်မလာတော့ဘူးလေ ။

     

  • ပညာရေးမှာ ထူးချွန်လောက်တဲ့ ဉာဏ်အရည်အသွေး ရှိသူ မောင်ငယ်လေး ပညာတတ် ဖြစ်စေဖို့
    အေးသီတာ ဆိုတဲ့ အညံ့ပန်းလေး ရွေးစရာ တစ်လမ်းပဲ ကျန်တော့သည်။
    ဂမ္ဘီရ ပစ္စည်းဆန်းတွေ အရောင်းအဝယ် လုပ်တဲ့ ဦးလေး ဝမ်းကွဲ ရှိရာ ယင်းမာပင်မြို့ ကို သူတို့ မောင်နှမ ရောက်ခဲ့ရတယ်။

     

  • စဉ့်းစား တွေးခေါ် ဉာဏ်မရှိ၊ နုပျို စိုပြည်တဲ့ အလှတရားပဲ ရှိတဲ့ အေးသီတာ ဆိုတဲ့ အရိုင်းပန်းလေး ရဲ့ ရင်နာစရာ အဖြစ်ကပဲ ကြေကွဲစရာ ကောင်းလား သတ္တုတူးဖော်ရေး လုပ်ကွက်ေေတွကြောင့် ပျက်စီး ခဲ့ရတဲ့ ရွာသူရွာသား တွေပဲ သနားစရာ ကောင်းသလား ဆိုတာ ...။