• အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့်မဂ္ဂဇင်းဝတ္ထုတိုများ
အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့်မဂ္ဂဇင်းဝတ္ထုတိုများ
အမှတ်တံဆိပ် Other
ပစ္စည်းကုဒ်နံပါတ် #ILS-MSO-0030060
ထုတ်ဝေသည့်နေရာ Myanmar
Stock Status In stock   (5 ခု)
Waiting Time
မူရင်းဈေး 3,500.00  ကျပ်
ဈေးနှုန်း 3,500.00  ကျပ်  
Delivery Time

၂-၃ ရက် ရုံးချိန်အတွင်းသာလျှင်

Return Policy

ရန်ကုန်မြို့တွင်း - ၇ ရက်

ရန်ကုန်ပြင်ပ     - ၁၄ ရက်

 

Change Of Mind Is Not Applicable

စတိုးဆိုင်သို့
အသေးစိတ်အချက်အလက်များ
  • စာမျက်နှာ - ၂၂၇

  • သူတစ်ပါးကို ကိုယ်ချင်းစာနာတတ်တဲ့ စိတ်တွေ၊ သူတစ်ပါးကို နားလည် တတ်ဖို့ ဆိုတဲ့ စိတ်အနေအထားတစ်ရပ်ဟာ ရသစာပေတွေ ဖတ်ရှုရခြင်းကနေ ရတယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါသည်။

     

  • အချို့အချို့ရဲ့ဘဝတွေဟာ ခါးတယ်။ ဘဝသရုပ်ဖော် ကျွမ်းကျင်တဲ့ စာရေးဆရာတွေ ရေးဖွဲ့ပြမှ ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ စာနာတတ်လာကြတယ်။ လောကကြီးထဲက လူသားအားလုံးရဲ့ ဘဝတွေကို နားလည်ပေးဖို့၊ စာနာပေးဖို့ဆိုတာ သာမန်အနေနဲ့ မဖြစ်နိုင်ပါဘူး။ စာအုပ်စာပေတွေ ဖတ်ရှုရင်းနဲ့မှသာ ကျွန်တော်တို့ နားလည်ခံစားတတ်လာမှာ မဟုတ်ပါလား ခင်ဗျာ။

     

  • နေရောင်ခြည်သာ လရောင်ဖြာခြင်းတွေဟာ မှောင်မည်းနေတဲ့ နေရာတွေ အပေါ် ပိုပြီး အလင်းပေးနေသလို အဆင်ပြေနေကြတဲ့ လူတန်းစား တစ်ရပ်က သူတို့မေတ္တာကို လိုအပ်နေတဲ့သူတွေအပေါ် စီးဆင်းပေးနိုင် စေဖို့ ဆရာမ စံပယ်ဖြူနုရဲ့ ဝတ္ထုတိုလေးတွေက မီးမောင်းထိုးပြနေသလိုပါပဲ။

     

  • အိမ်ရှင့်သမီးလေး ကျောင်းကြိုအပြန်မှာ ကလေးရဲ့ လွယ်အိတ်ကလေးကိုလွယ်ပြီး စိတ်ကူးနဲ့ ကြည်နူနေတဲ့၊ သုံးတန်းနဲ့ ကျောင်းထွက်ခဲ့ရတဲ့ ၊ စာတော်ပါတယ်ဆိုတဲ့ ဆယ်ကျော်သက် အိမ်ဖော်မလေးအကြောင်း။
    ( အကြိုတော်)

     

  • မြန်မာပြည်မြောက်ဖျားက အေးချမ်းတဲ့ တောင်သူရွာလေးတစ်ရွာ။ တစ်ရက်သား လက်နက်ကိုင်တွေ ဝင်မွှေလို့ မိတကွဲ ဖတကွဲ ပြေးကြရတဲ့ မိသားစုတွေ။

     

  • တောထဲမှာ ပြေးရင်းလွှားရင်း နောက်တော့ စစ်ဘေးရှောင်စခန်းရောက်ရတဲ့ လေးတန်းကျေင်းသား ဖိုးနီလေး ရွာကိုပဲ ပြန်ချင်နေတဲ့အကြောင်း။
    (အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာ)

     

  • ညဘက် ကြည့်ရတဲ့ ဇာတ်စင်ပေါ်က လှပတဲ့မင်းသမီးတွေကို အပြင်မှာပါ လှမယ် ထင်ခဲ့တဲ့ မိန်းကလေးနှစ်ဦး။ ရွာထဲကလူတွေ ကတဲ့ ပြဇတ်ကို ကြည့်ရင်း မင်းသားကိုသနား ၊ လူကြမ်းကို ရွံရှာမိတဲ့အထိ နှလုံးသား ဖြူစင်သူလေးနှစ်ယောက် ။ မြို့ကို ရောက်သွားတဲ့ တစ်ယောက်သော မိန်းကလေး ရွာပြန်အရောက်မှာ အတိတ်က ဇာတ်ပွဲကို လွမ်းတမ်းတမိခြင်းတွေ။

     

  • ဘယ်ဘဝတွင်မဆို ကန့်လန့်ကာရဲ့ အခြားတစ်ဖက်သော အစိတ်အပိုင်းဟာ ပုန်းကွယ်လျက် ကျန်တတ်တယ်ဆိုတာ သိသွားတဲ့ မိန်းကလေးက ရွာက သူ့ သူငယ်ချင်းမလေးကို ရှင်းပြချင်နေမိတဲ့ အကြောင်း။
    (အတိတ်ပွဲ)

     

  • မြောက်ဖျားကလွမ်းရာသီ လို ဝတ္ထုရှည်ကြီးတွေမရေးခင် ဝတ္ထုတိုလေးတွေနဲ့ အရင် စခဲ့တယ်ဆိုတဲ့ ဆရာမ စံပယ်ဖြူနု ရဲ့ အစောပိုင်း လက်ရာလေးတွေ ဖြစ်ပါတယ်။ အမှတ်တရ လွမ်းမောဖွယ် ဝတ္ထုတို (၁၈) ပုဒ် ကို စုစည်းထားတာ ဖြစ်ပါသည်။