စတိုးဆိုင်သို့
အသေးစိတ်အချက်အလက်များ
- Fresh taste
Made in Myanmar
Additional shipping fees will be charged.
Knorr ဟင်းခတ်မှုန့်သည် အနံ့အရသာနှင့်ပြည့်စုံပြီးအရည်သွေးစိတ်ချရသော ဟင်းခတ်မှုန့်တစ်ခုဖြစ်ပါသည်။ Knorr ကုမ္ပဏီကို ၁၈၃၈ ခုနှစ်တွင် Carl Heinrich Knorr က ဟင်းသီးဟင်းရွက်များနှင့် အစားအသောက်များ၏ သဘာဝအရသာနှင့် အာဟာရဓာတ်ပါဝင်မှုကို ကြာရှည်စွာထိန်းထားနိုင်ရန် ဟင်းခတ်အမွှေးအကြိုင်များကို စတင်တီထွင်ခဲ့သည်။ ထိုအချိန်မှစ၍ Knorr သည် နိုင်ငံတကာအသိအမှတ်ပြု အမှတ်တံဆိပ်ဖြစ်လာပြီး ဟင်းခတ်အမွှေးအကြိုင်၊ စွပ်ပြုတ်၊ ဆော့စ်၊ ဆန်ပြုတ်နှင့် အခြားအသင့်စား စားသောက်ကုန်များကိုပါ ထုတ်လုပ်ဖြန့်ချိခဲ့သည်။ Carl Heinrich Knorr ၏ သားများက ကမ္ဘာလှည့်ခရီးသွားရင်း နိုင်ငံခြားမှ ဓလေ့အသစ်များကို အခြေခံကာ Knorr လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်။ Knorr ကုမ္ပဏီသည် Heilbronn တွင် စက်ရုံဖွင့်ထားပြီး နိုင်ငံတကာမှ စားဖိုမှူးများဖြင့် ထုတ်ကုန်များကို ပိုမိုကောင်းမွန်လာစေရန် တီထွင်ထုတ်လုပ်လျက်ရှိသည်။
Company Information
Unilever ကုမ္ပဏီသည် ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပုံစံသစ်နှင့် ဌာနချုပ်နေရာအသစ်တို့ကို ရန်ကုန်မြို့တွင် အခိုင်အမာဖွင့်လှစ်ခဲ့ပြီး ပြီးပြည့်စုံသည့် လုပ်ငန်းပုံစံဖြင့် မြန်မာပြည်ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ Unilever မှ ၎င်း၏ Sustainable Living Plan ကို အခြေခံ၍ စီးပွားရေးလုပ်ငန်းကို ပိုမိုတိုးတက်စေရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိသည်။ Unilever သည် ၂၀၁၀ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းဖြန့်ချိရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့သည်။ Unilever ကုမ္ပဏီသည် ဖြန့်ချိရေးလုပ်ငန်းကွန်ယက်ကို အခိုင်အမာတည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး လက်လီရောင်းချသူများကို ပိုမိုတိုးမြှင့်ရင်း ကုန်ပစ္စည်း Brand များကို ဈေးကွက်တွင် စုံလင်စွာရရှိနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ယခုအခါတွင် တစ်နိုင်ငံလုံး၌ Unilever မှ ဖြန့်ချိသည့် ဆံကေသာသုံးပစ္စည်းများ၊ ဟင်းခတ်အမွှေးအကြိုင်းများ၊ အဝတ်လျှော်ဆပ်ပြာနှင့် ခံတွင်းသန့်ရှင်းရေးပစ္စည်းကဲ့သို့ ကျန်းမာရေးထုတ်ကုန်များကိုပါ စုံစုံလင်လင်ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
အခြားဆက်စပ်နေသောပစ္စည်းများ
200.00
ကျပ်
3,900.00
ကျပ်
500.00
ကျပ်
1,800.00
ကျပ်
2,000.00
ကျပ်